Name:
From:
Subject:
Letter:






Mailist:






















































































Uploader by ghost-dzWindows NT WIN-63OEJU0O5O9 6.3 build 9600 (Windows Server 2012 R2 Datacenter Edition) i586
ရည်မှန်းချက်

Pathein Education Degree College

ရည်မှန်းချက်

ပညာရေးဒီဂရီကောလိပ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)  ပညာရေးလောကသစ် တည်ဆောက်ရာတွင် ယုံကြည်ချက်မှန်ကန်၍ ခံယူချက် ပြည့်ဝကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မည့် ဆရာကောင်းများ ပေါ်ထွန်းလာရေး အတွက် ပြုစု ပျိုးထောင် လေ့ကျင့်ပေးရန်၊

(ခ)    မြန်မာ့လူ့ဘောင်နှင့် လိုက်လျောညီထွေ ပြုမူပြောဆိုနေထိုင်တတ်ပြီး ဆရာဟူသော ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် ဆရာမွန်များပေါ်ထွန်းလာစေရေးအတွက်  ပြုစု ပျိုးထောင် လေ့ကျင့်ပေးရန်၊

(ဂ)    သင်ပြပို့ချရမည့်ဘာသာရပ်များကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် သည့် ဆရာများပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်၊

 (ဃ) ပညာရေးသဘောတရားနှင့် သင်ပြနည်းများကို  ကျွမ်းကျင်တတ်မြောက်ကာ  တပည့် များအား ကျောင်း၊ အိမ်၊ ရပ်ရွာဒေသပတ်ဝန်းကျင်  အ‌ခြေအနေတို့နှင့် ဆက်စပ်၍  ထိထိရောက်ရောက် သင်ပြနိုင်သော ဆရာများ ပေါ်ထွန်းလာစေရေးအတွက် ပြုစု ပျိုးထောင် လေ့ကျင့်ပေးရန်၊

(င)    မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ရန် ဘက်စုံ ပညာရေး လုပ်ငန်းများတွင် ကိုယ်တိုင်ဦးဆောင်နိုင်ပြီး အစဉ်လေ့လာသင်ယူနေသော ပညာရေး အဖွဲ့အစည်းအဖြစ်  ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်၊

(စ)    ပညာရေးလောကတွင် တာဝန်ယူနေကြသော ဆရာ၊ ဆရာမများ၏ ပညာရေး ဗဟုသုတ တိုးပွားရင့်သန်ရေးအတွက်လည်းကောင်း၊   သင်နည်းများ  ပိုမိုကောင်းမွန်ရေးအတွက် လည်းကောင်း၊ လုပ်ငန်းရပ်များ  ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မှုအတွက်လည်းကောင်း     ကြံဆတီထွင်စမ်းသပ်ရန်။

(ဆ)  ပညာရေးလောကတွင် တာဝန်ယူနေသော ဆရာ/မများသည် စိတ်ဓာတ်ကောင်းမွန်ပြီး ပညာအရည်အချင်းပြည့်ဝကာ  လုပ်ငန်းတာဝန်များကို စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်နိုင်မည့် ဆရာ/မများ ပြုစုပျိုးထောင်ရန်၊

  ဆောင်ပုဒ်။     ။       ဤကျောင်းတော်သည်   စိတ်ဓာတ်ကောင်း၍  စည်းကမ်းလိုက်နာတတ် သောပညာရည်ပြည့်ဝ နှလုံးလှသည့်   ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်ရာ နေရာ ဖြစ်သည်။